Tuesday, 22 March 2016

စင်ကာပူ နံနက်ခင်း နှင့် ငယ်အလွမ်း



မြန်မာပြည်မှာလို ကြက်တွန်သံကြားမလား ကျေးဌက်လေးများ၏ တေးသီသံ အတင်းပြောသံလေးများ၊ ပဲပြုတ်သည်၏ “ ဟောဒီက ပဲပြုတ် ပူပူလေး ….’’ ဆိုပီး ၇သံချီ သဘာဝ Alam များကို ကြားရနိုးနိုး နားစွန့်ကြည့်မိသည်။

သဘာဝ Alam ဆိုလို့ တစ်ခုသွား သတိရမိသေးသည်။
ကျွန်တော် ငယ်ငယ် တစ်တန်း နှစ်တန်းလောက်ကပေါ့ စာမေးပွဲတွေဖြေပီး နွေရာသီ ကျောင်းပိတ်ချိန် အဘိုး အဘွားတွေဆီ သွားလည်နေကြ ဖြစ်သည်။

နွေနံနက်ခင်းသည် ကျွန်တော်တို့ ငယ်စဉ်က အလွယ်ပျော်ဖွယ်ကောင်းလှသည်။ တောင်လေလား မြောက်လေလားမသိ တဖြူးဖြူးတိုက်လျှင် စိန်ပန်းပွင့်များ ကြွေကျတာကို ကြည့်ပီ ပျော်ခဲ့ကြရသည်။ ခုများနှင့်တော့ တခြားဆီပေါ့ ..
ထားပါတော့ဗျာ လိုရင်းက သဘာဝ Alam အကြောင်း.. အဘိုးအဖွားတွေက ကျွန်တော်တို့ အရပ်ဒေသတွေလို နံနက်ခင်း Breakfast ကို ကော်ဖီတို့ ပေါင်မုန့်တို့ လက်ဖက်ရည်၊ အီကြာကွေး၊ နံပြားတို့ မဟုတ်ဘူးရယ်ဗျ .. ..

“ ဟောဒီက မုန့်ပြားသလပ် ပူပူလေး …. အကြော်စုံ ရမယ် အကြော်စုံ ..’’ ဒီ ကျေးဇူးရှင် အဒေါ်ကြီးရဲ့  သံရှည်နှော သံကြီးကြားရရင် ဘယ်နှစ်နာရီ ထိုးပီလဲ ကျွန်တော်တို့မသိပေမယ့် ပျော်ပီလေ …
နောက်ပီးတော့ ရှိသေးတယ် … “ ရှင်ဆော်ကားသည် လာပါအုံး ” တဲ့ ..နံနက်ခင်း နေနုနု တချို့ အိပ်ပုပ်ကြီးတဲ့ ဌက်ကလေးတွေတောင် မထသေးဘူးထင်ပါတယ် … ကျွန်တော် တမာပင်အောက် ကွပ်ပစ်ပေါ်ထိုင်နေချိန် ခေါင်းပေါ်က တမာပင် ဌက်သိုက်ထဲက ဌက်ဖေဖေ မေမေတွေ သူ့ကလေးတွေကို နိုးနေသံ ကျွန်တော်ကြားရတဲ့ အချိန် ကျွန်တော့်အဘွားက အဲ့ဒီ ရှင်ဆော်ကားသည်ကို ခေါ်လိုက်တယ်။

ကျွန်တော် စားလက်စ မုန့်ပြားသလပ်ကို စိတ်မ၀င်စားနိုင်တော့ အဲ့ဒီ ရှင်ဆော်ကား ဆိုတာကြီးကို တော်တော် စိတ်ဝင်စားသွားမိသည် ။ ဘာပါလိမ့်။ တစ်ခါမှလဲမကြားဘူး အဆန်းကြီးရယ် .. ဒါနဲ့ အဘွားဘေးက အသာလိုက် ကြည့်မိသည် ။

အရောင်က အ၀ါဖျော့ရောင်ကိုမှ ကျောက်ကျောလိုလို ဘာလိုလိုရယ် ..အဲ့ဒီ ရှင်ဆော်ကား ဆိုတာတွေကို ဓါးနဲ့လှီးတယ် အတုံးလိုက်ပဲ .. ပြီးတော့ ချိန်ခွင်ထဲထည့်ချိန်တယ်ဗျာ .. အဲအဟုတ်ဗျ …
အံမယ် ဒေါ်ကြီး က လှီးနေရင်း နောက်ဆုံးဓါးမှာ ကပ်ကျန်နေတဲ့ ရှင်ဆော်ကား တစ်ဖက် သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်တယ် ..

သြ … ကျွန်တော် သဘောပေါက်သွားမိသည် ..အဲ့ဒါ အစိမ်းစားလို့ရတဲ့ မုန့်ပဲ ဒို့စားဖို့ ၀ယ်ပေးတာပဲဖြစ်မယ်ပေါ့ …
ခုတော့ ဒီရှင်ဆော်ကားသည်ကြီး ရှိလေလား မရှိလေပီလား မသိတော့သော်လည်း ကျွန်တော် ငယ်ငယ်က သာယာချိုမြိန်ခဲ့သော နံနက်ခင်း သဘာဝ Alam များ မကြားရတာ နှစ်ပေါင်း ၂၀ ကျော်လေပြီ ..
ခုအရွယ်တွေရောက် ကြီးမှသိခဲ့ရတာက ရှင်ဆော်ကားဆိုတာ မြင်းခြံ၊ တောင်သာအရပ် အခေါ်ဖြစ်ပြီး အမှန်မှာ တို့ဟူးအ၀ါပင် ဖြစ်တော့သည်။

မည်သို့ပင်ဆိုစေကာမူ စင်ကာပူရဲ့ဘ၀တိုက်ပွဲ Alam တွေကို ငယ်ငယ်က သာယာချိုမြိန်ခဲ့သော နံနက်ခင်း သဘာဝ Alam တွေလို့ပဲ သဘောထား အစားထိုးပီး ရှေ့ဆက်ရမယ့် အနာဂတ်ပန်းတိုင် အတွက်

ဟန်ဇွန် (အေးသုခ)

No comments:

Post a Comment