Tuesday, 22 March 2016

စာရေးခြင်းအတတ်ပညာ



ကျွန်တော်ကို စာရေးချင်စိတ်တွေ ဖြစ်ပေါ်လာစေအောင် တွန်းပို့ပေးသော၊ စိတ်ဓါတ်တွေ တွန်းတင်ပေးသော အရာမှာ တက်ကျမ်းစာအုပ်များ နှင့် စာပေဟောပြောပွဲများပင် ဖြစ်၏။ ..သို့သော်လည့်း ဘယ်အကြောင်းကို ဘယ်လိုရေးရမည် ဆိုသည်ကို သေချာမသိ ဖြစ်နေပြန်သည်။

သူငယ်ချင်းများအား ရင်ဖွင့်သည်။ စာရေးချင်သည်။ အဘယ်အကြောင်းရေးမည်နည်း မေးကြမြန်းကြသည်။ ...မည်သည့်အကြောင်းမှ မဟုတ် ..ကိုယ့်အကြောင်းကို သာ ရေးမယ်ဟု ပြောတော့
သူငယ်ချင်းများက ပြန်ပြောသည်။ ..ကိုယ့် အကြောင်းကို ရေးလျှင် မည်သူစိတ်ဝင်စားမည်လဲဆို၏။ မှန်ပေသည်။

ကိုယ်က ဘာကောင်မှ မဟုတ်...ပြီးတော့ ခုနံမည်ကြိးနေသော စာရေးဆရာတွေလို ဘာဘွဲ့ထူးဂုဏ်ထူးတွေမှ အများကြီးရထားတာမရှိ ။
ငါ့ ကို ဘယ်သူက အထင်ကြီးပြီး ငါ့စာတွေကို ဖတ်မည်လဲ  တွေးပြီး စိတ်နည်းနည်း ညစ်သွားမိသည်။
စာရေးနည်းအတတ်ပညာစာအုပ်တွေ ရှာဖတ်မယ်ဆိုကာ online ပေါ်တွင် မွှေနှောက် ရှာဖွေခဲ့သည်။... ကိုယ်လိုချင်သည့် စာအုပ် ရှာမတွေ့ခဲ့ပေ။

စာရေးခြင်းအတတ်ပညာ ဆိုသော
ခေါင်းစဉ်ကို Google မှာရိုက်ပြိး အသဲအသန်ရှာကြည့်မိသည်။ တွေ့ ပါသော်လည်း စာအုပ်မဟုတ်ပဲ ဆောင်ပုဒ်လိုလေးတွေလိုပဲ တွေ့သည်..
တစ်နေကုန်ရှာပါတယ် ...တစ်ညလုံးရှာပါတယ် ... ကိုယ်ပဲ ညံ့လို့ ထင်သည်။ ဘယ်လိုမှ ရှာမရသည်နှင့် မထူးဘူးကွာ .. ဖြစ်သလိုပဲ အကြမ်းရေးထားမည်ပေါ့။

.နောက်မှ ပြန်စဉ် မည်ဆိုပြီး ဆောင်ပုဒ်လေးတွေ ထိုင်ဖတ်နေရင်း ဘာသွားတွေ့သလဲ ဆိုတော့ နံမည်ကျော် စာရေးဆရာကြီးတစ်ဦး၏ စာရေးနည်းတဲ့။
ထခုန်မိမတတ် ၀မ်းသာသွားသည်။ ကိုယ်ရှာနေတာလဲ ဒါပဲကိုး။
စာရေးဆရာမအရမ်းဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ၊ သူမက စာရေးဆရာမ ဖြစ်ချင်ရုံတင်မဟုတ်ဘူး။ အဲ့ဒီ့ကမ္ဘာကျော်စာရေးဆရာကြီးလို နံမည်လဲကြီးချင်တာ( နံမည် မေ့နေလို့ မရေးပေးဘူးနော် ) ..

အဲ့ဒါနဲ့ ဆရာကြိးဆီ ကိုသွားမေးတယ် ၊ နံမည်ကြီးအောင် စာဘယ်လိုရေးပါသလဲတဲ့ ၊ စာရေးနည်းလေး ပြောပြပေးပါ ဆိုတော့ ဆရာကြီးက သူ့ကို တိုးတိုးလေး တစ်ခွန်းပဲပြောလိုက်တယ် ...
ဘယ်ဘက်ကနေ ညာဘက်ကို ရေးသွားပါတဲ့ ... လုံးဝ မရေးတာထက်စာရင် ဗလာစာရွက် တစ်ရွက်ထက်တော့ သာပါစေတဲ့ ..
ကျွန်တော် ကောင်းကင်ကို ဒူးနဲ့ပြေးတိုက်ချင်မိတော့သည် ။

ဟန်ဇွန် (အေးသုခ)

No comments:

Post a Comment