Tuesday, 22 March 2016

ကျွန်တော် နှင့် စင်ကာပူ နံနက်ခင်း Alam


ဖုန်း Ringtone သံကြားတာနဲ့ အလူးအလဲ ထလိုက်မိသည်။
တင်ပါးက အရင် ကြွသွားပြီး ကျွန်တော့်ရဲ့ ကိုယ်ရွှေခေါင်းက ခေါင်းအုံးကို
အလွမ်းသယ်နေတုန်း တော်တော်နဲ့မခွာ အလူးအလဲနဲ့ ပလူးပလဲလုပ်နေတာ
ချစ်သူနဲ့တွေ့ရင်တောင် ဒီလောက် ဖြစ်နေမည်မထင်..

ကြည့်လေ
ဖက်ထားလိုက်တာဆိုတာ ဒီခေါင်းအုံးနဲ့ ခွဲခွာရရင်သေတော့မယ့်အတိုင်းပါပဲ
… ဟူး .. ဒါ စင်ကာပူရဲ့ ကျွန်တော့် နံနက်ခင်းပေါ့… နာရီကိုကြည့်လိုက်တော့
နံနက် ၆နာရီ ၁၀ မိနစ် ..ကဲ မဖြစ်သေးပါဘူး အလွမ်းသယ်နေလို့တော့
ပျင်းတွဲ့တွဲ့ ထထိုင်ပီး တင်ပလင်ခွေ စောင်ခြုံပီး တရားထိုင်ပါတယ် .. ဒါက
နံနက်ခင်းတိုင်း ထိုင်ဖြစ်တယ်ပေါ့ဗျာ .. တရားရမရတော့မသိဘူး..
တရားဗန်းပြပီး ငိုက်ကောင်းတာတော့ အမှန်ပဲဗျို့ ..

အဲ့ဒီအရသာက
အိပ်ရတာထက်တောင် ဇိမ်ရှိသေးတယ်.. ဒီလိုနဲ့ ၀င်ထွက်လေးမှတ်လိုက်
ငိုက်လိုက်လုပ်နေရင်း တော်တော်လေး စိတ်က အနယ်ကျပီး ပတ်ဝန်းကျင်က
တိတ်ဆိတ်နေတဲ့ အချိန်မှာပဲ … ငိုက်ဆိုက်ကျနေတဲ့ ခေါင်းတွေကော
ဆံပင်တွေပါ ထောင်တက်သွားတယ် ….အံမယ်
အကြောအချဉ်တွေပါ ပြေသွားတာဗျ ..

မပြေ ဘယ်ရှိပါ့မလဲ ..
အလုပ်သွားဖို့ပြင်ရဆင်အုံးမှာလေ .. ဖုန်းကို Alam ပေးထားရတာပေါ့…
ကမ္ဘာပေါ် ကျွန်တော်အကြောက်ဆုံးဘာလဲလို့မေးကြည့် … နှစ် ၅၀ကျော်
ပညာမတတ်အောင် လုပ်ထားတဲ့ စစ်အစိုးရလဲမဟုတ်ဘူး … ဂျူးတွေ
သန်းချီသတ်သွားတဲ့ ဟစ်တလာကိုလဲ မကြောက်ဘူး ..
ကျွန်တော့်သူဌေးကိုလဲ မမှုပါဘူး ..အသဲတွေခွဲတတ်တဲ့
ခပ်လှလှကောင်မလေးတွေကိုလဲ အေးဆေးပဲ .. တစ်ခုပဲရှိတယ် အဲ့ဒီ
စင်ကာပူ နံနက်ခင်းရဲ့ ကျွန်တော့် Alam သံကိုပါပဲဗျာ ..

ဟန်ဇွန် (အေးသုခ)

No comments:

Post a Comment