ကျွန်ုပ်တို့ မြန်မာပြည်က
လူငယ်တွေ လူငယ်တွေ ဆိုတာ တယ်သနားစရာကောင်းလှသည်။ ကျွန်ုပ် အပါအ၀င်ပါ။ နိုင်ငံခြားကိုမှ
အထင်ကြိးကြသည်ဟု ပြောလျှင် နိုင်ငံခြားထွက် အလုပ်လုပ်နေသူတွေ ကိုယ်စား ကျွန်ုပ် ငြင်းပါရစေ
..
ကျွန်ုပ်တို့ တိုင်းပြည်သည်
အမေရိကန်လို အင်္ဂလန်တို့လို အလားတူ တိုးတက်နေတဲ့ နိုင်ငံသာဖြစ်နေလျှင် မည်သူက တိုင်းတစ်ပါးထွက် မိသားစုနဲ့ခွဲခွာပီး
ငွေရှာ နေမည်နည်း။
နှစ် ၅၀ ကျော် ပညာမတတ်သော အတ္တဘောတွေ
အုပ်ချုပ်သည့် တိုင်းပြည်၊ သင့်တင့်မျှတမှု မရှိတဲ့ တိုင်းပြည်မို့သာ အမိမြေကို စွန့်ပီး
စိတ်ကူးအိမ်မက် ကိုယ်စီဖြင့် တိုင်းတပါးကိုထွက်ပြီး အနှိမ်ခံဘ၀တွေနဲ့ ရုန်းကန်နေကြရသည့်
ဘ၀ကို မသိသူသာပင် အထင်ကြီး၍ ငွေရှိ၍ သွားသည်ထင်ကြလိမ့်မည်။
လယ်ယာ၊ ကျွဲ၊နွား၊ အိမ်၊ခြံတွေ
ပေါင်နှံရောင်းချပီး အနာဂတ်လှပရေး မျှော်မှန်းချက်များ ဖြင့် လှိုင်းထန်သော သမုဒ္ဒရာ
ပြင်ကျယ်ဝယ် ရွှက်လွှင့်နေကြသူများ မာယာလှိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုကို နစ်မြှုပ်မသွားအောင်
ခုခံကာကွယ်ရင်း ရှိသမျှခွန်အားနှင့် ရုန်းကန် လှော်ခတ် နေကြရသူများဖြစ်တော့၏
သို့နှင့် ကျွန်ုပ်နှင့် ဘ၀တူများမှာလဲ
စွန့်စားချင်သည်။ ၂၀၀၄ ခုနှစ် လောက် ကဆို မလေးရှားတိုင်းပြည် ခေတ်ကောင်းသည့် ကာလတစ်ခု
၊ လူငယ်များ နိုင်ငံခြားရူးရူး နေပြီ ၊ အဘယ်လောက်များ
လဲဆို မလေးသွားမည့်သူတွေ လေယာဉ်ကွင်းအပြည့်ဟု ပြော၍ရနိုင်သည်။
ထိုစဉ်အခါက ရန်ကုန်လေဆိပ် ရှေ့တည့်တည့်ပန်းခြံတွင် လေယာဉ်ပျံသန်းနေသော
ရုပ်ထု ကျောက်တိုင်လေးရှိပီး လေယာဉ်ပေါ်မတက်မှီ မိသားစုများနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖို့ပင်
တော်တော်တန်းစီယူရသည့်အထိ များလှသည်။
လေဆိပ်ထဲတွင် ဟိုကြည့် သည်ကြည့် တောသား မြို့တက်
ဆိုသလို အချိန် ကုန်မှန်းမသိကုန်သွားသော်လည်း ပြည်ပ လေယာဉ်ပေါ် စတက်သည့် အတွေ့အကြုံ
မရှိသည့်ကျွန်ုပ် အဖို့ ရင်ထဲတွင်ပြောမပြတတ်သော လွမ်းဆွေးခြင်းကို ခံစားရလေသည်။
မိဘများနှင့် ခွဲခွာရမည်ထက်
အမိမြေကို ခွဲခွာရခြင်းက ပိုလွမ်းစရာပင် ကောင်းလှသေးသည်။ ကျွန်ုပ် ရင်တွင်စို့ တက်လာ၍
မျက်ရည်စတွေ ပါးပြင်ပေါ် တွဲခိုနေသည်။
ရုပ်ရှင်ရိုက်လိုက်လျှင် ဒီနေရာမှာ
အကယ်ဒမီရှော့ ရသွားနိုင်သည်ထိ မျက်ရည်များနှင့်ေ၀၀ါးနေသည့်ကြားမှ သွားကြားထိုးတံ သာသာမျှ
မြင်ရသော လူအုပ်ကြီးကြား ရှိ မာတာမိခင် ရပ်နေသည့်နေရာသို့မှန်း၍ အားတင်းကာ လက်ပြနှုတ်ဆက်ပြီး ဘ၀တိုက်ပွဲ အတွက် လေယာဉ်ပေါ်
အံကြိတ်ကာတက်ခဲ့ရတော့သည်။
ဆက်ရန်
ဟန်ဇွန် (ထီလာ)
ဆက်ရန်
ဟန်ဇွန် (ထီလာ)
No comments:
Post a Comment